ဆိပ်ကမ်းမဲ့တဲ့မြစ်
"လက်ထပ်ခါနီးတရားရုံးသို့အသွားလမ်းမှာ ကိုမိုးအာကာနဲ့ဆောင်းသဇင်တို့ကားတိုက်ခံရပြီးနောက် ဆောင်းကွယ်လွန်သွားခဲ့သည်။ ကိုမိုးမှာဆောင်းကိုချစ်သည့်စိတ်နဲ့
အတိုက်ခံရသည့်ကားပိုင်ရှင် ဒေါက်တာငွေစိုးကြည်နှင့်သဒ္ဒါချိုတို့ကို ကလဲ့စားချေလိုသည့်စိတ်ဖြင့် သဒ္ဒါချိုကိုပြန်ပေးစွဲခဲ့သည်။
သဒ္ဒါချိုမှာ ဆောင်းကိုစွဲလမ်းသည့်
စိတ်ကိုဖျောက်နိုင်အောင်ကိုမိုးကို ပြုပြင်ပေးခဲ့သည်။ ဒေါက်တာငွေစိုးကြည်မှာ ကိုမိုးကိုတရားစွဲဆိုခဲ့သည့်အမှုနှင့်ပက်သက်ပြီး သဒ္ဒါချိုတစ်ယောက် ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ...ဒေါက်တာငွေစိုးကြည်မှာ သဒ္ဒါချိုကိုလက်ခံနိုင်ပါ့မလား..."