မျက်ကွယ်ရာ
ဉီးခန့်ကိုနှင့် ဆောင်းရွက်ကြွေသည် အရာရာ အဆင်ပြေနေသော အိမ်ထောင်ရေး တစ်ခုကို ပိုင်ဆိုင်ထားပြီး အသက် (၁၇) အရွယ် ဟေမာန်ဆိုသော သမီးတစ်ယောက်ရှိကာ အေးချမ်းသော မိသားစု ဘဝကို ပိုင်ဆိုင်ထားသူများ ဖြစ်ကြသည်။ ဉီးခန့်ကိုနှင့် ဆောင်းရွက်ကြွေနှစ်ယောက်လုံးသည် လူအများလေးစားရသော စံပြပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ဆောင်းရွက်ကြွေသည် ထက်မြက်သော အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ဉီးခန့်ကို၏ အချစ်ဆုံးနှင့် အချစ်ဉီးလည်း ဖြစ်သည်။ ဟေမာန်သည် အသက်နှင့် မလိုက်အောင်ပင် ရင့်ကျက်သော မိန်းကလေးတစ်ယောက် ဖြစ်သည်။ ရတီဖူးမြတ်သည် တစ်ကောင်ကြွက်ဖြစ်ကာ မိဘများ၏ သူငယ်ချင်းဖြစ်သူ ဒေါ်မိမိတို့မိသားစုမှ စောင့်ရှောက်ပေးခြင်းခံလာရသော မိန်းကလေးဖြစ်သည်။ သို့သော် ဒေါ်မိမိ၏သား ညိမ်းချမ်းသော်သည် ရတီဖူးမြတ်ကို စိတ်ဝင်စား၍ ချစ်မိလာသောကြောင့် ဒေါ်မိမိက ရတီဖူးမြတ်ကို နှင်ထုတ်လိုက်သည်။ ရတီဖူးမြတ်သည် တစ်ယောက်တည်း အခက်အခဲများ ရင်ဆိုင်နေရချိန်တွင် ဉီးခန့်ကိုနှင့် အမှတ်မထင်တွေ့ရာမှ ဉီးခန့်ကိုနှင့် ချစ်မိခဲ့ကြသည်။ ဉီးခန့်ကိုသည် ရတီဖူးမြတ်အပေါ်ကို သာယာမိသော်လည်း ဉီးခန့်ကို တကယ်မြတ်မြတ်နိုးနိုး ချစ်သူမှာ ဆောင်းရွက်ကြွေသာ ဖြစ်သည်။ ရတီဖူးမြတ်သည်အစပိုင်းတွင် ပုံမှန်အတိုင်းလေးသာ ဉီးခန့်ကိုနှင့် တွေ့ပြီးချစ်သော်လည်း ကြွေသိသွားသည့် အချိန်တွင် ဉီးခန့်ကိုက ရတီဖူးမြတ်ကို ရှောင်လာသောကြောင့် ရတီဖူးမြတ်က ဉီးခန့်ကို၏ အလုပ်နှင့် အိမ်အထိပါ လိုက်လာသည်။ ဉီးခန့်ကိုသည် ရတီဖူးမြတ်ကြောင့် စိတ်ရှုပ်ရသော်လည်း ရတီဖူးမြတ်ကို သနားမိ၍ အဆက်မပြတ်နိုင်ဖြစ်သည်။ ကြွေသည် ဉီးခန့်ကို ရတီဖူးမြတ်ကို အဆက်ပြတ်တဲ့ အချိန်ထိ စောင့်ပေးသော်လည်း မရည်ရွယ်ဘဲ ဉီးခန့်ကိုသည် ပိုတိုးနေသလို ဖြစ်လာကာ ကြေသည် စိတ်အနားယူရန် နိုင်ငံခြားသို့ ခဏထွက်သွားခဲ့သည်။ ရတီဖူးမြတ်သည် ဉီးခန့်ကိုကြောင့် စိတ်ညစ်ရာမှ သူ့ကို အရမ်းချစ်နေသော ညိမ်းချမ်းသော်နှင့် သောက်ရာ ညိမ်းချမ်းသော်နှင့် ဟိုတယ်သို့ ရောက်သွားခဲ့သည်။ ညိမ်းချမ်းသော်သည် ရတီဖူးမြတ်ကို တကယ်ချစ်မြတ်နိုးပြီး လက်ထပ်ရန် ရည်ရွယ်ထားသူလည်း ဖြစ်သည်။ သို့သော် ရတီဖူးမြတ်သည် ဉီးခန့်ကိုကို တကယ်ချစ်ပြီး အားကိုးသည်က တစ်ကြောင်း၊ ဒေါ်မိမိတို့က ညိမ်းချမ်းသော်နှင့် ဝေးဝေးနေရန် ပြောထားသည်က တစ်ကြောင်းကြောင့် ညိမ်းချမ်းသော်ကို အမြဲတမ်းငြင်းဆန်ခဲ့သည်။ သို့သော် ညိမ်းချမ်းသော်က ရတီဖူးမြတ်ကို အဆုံးထိ လက်မလျော့ခဲ့ပေ။ တစ်နေ့တွင် ရတီဖူးမြတ်သည် ကိုယ်ဝန်ရှိလာသည်ဆိုတာ ဉီးခန့်ကို ပြောခဲ့သည်။ ဉီးခန့်ကိုသည် အစက လက်မခံသော်လည်း သူ့ရင်သွေးဆိုသောကြောင့် ရတီဖူးမြတ်ကို သနားကာ ပြန်လက်ခံခဲ့သည်။ ထို့ကြောင့် ဉီးခန့်ကိုသည် မိသားစုတွင် ပိုအဆင်မပြေဖြစ်ကာ မီဒီယာများကလည်း ဉီးခန့်ကိုကို သတိထားမိလာပြီး Company ပျက်ခါနီးထိ ဖြစ်လာသည်။ သို့သော် ဘယ်သူမှ သတိမထားမိသည်မှာ ဉီးခန့်ကိုတို့၏ သမီးဖြစ်သူ ဟေမာန်သည် မိသားစု ပြသာနာကြောင့် စိတ်ကျရောဂါကို ခံစားလာရခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ညိမ်းချမ်းသော်၏ ကူညီမှုကြောင့် ရတီဖူးမြတ်၏ ကိုယ်ဝန်သည် ဉီးခန့်ကိုရင်သွေးမဟုတ်ဘဲ ညိမ်းချမ်းသော်ရင့်သွေးဆိုတာ သိလိုက်ရသည်။ ဉီးခန့်ကိုသည် ရတီဖူးမြတ်ကို လိမ်ရက်သည်ဆိုပြီး စိတ်ပျက်မုန်းသွားခဲ့သည်။ ညိမ်းချမ်းသော်ကလည်း အရင်လို လုပ်ချင်ရာကို တဇွတ်ထိုးလုပ်တတ်သည့် ချာတိတ်မဟုတ်တော့ဘဲ လူကြီးဆန်လာခဲ့သည်။ ရတီဖူးမြတ်သည် ဉီးခန့်ကို၏ အိမ်ရှေ့ထိ လိုက်လာကာ သူ့ကို ထားမသွားရန် ပြောသည်။ ဉီးခန့်ကို စိတ်တိုကာ ထွက်လာပြီး ရတီဖူးမြတ်ကို ဘာမှမပြောရသေးခင်မှာပဲ နောက်ကနေ သမီးဖြစ်သူ ဟေမာန်ရောက်လာကာ ရတီဖူးမြတ်ကို ရိုက်နှက်ပြီး ဆံပင်တွေ စောင့်ဆွဲခဲ့သည်။ ထိုအချိန်တွင် ကြွေလည်း ရောက်လာခဲ့သည်။ ကြွေနှင့် ဉီးခန့်ကိုသည် တစ်ချိန်လုံး လူကြီးတစ်ယောက်လို ရင့်ကျက်တည်ငြိမ်သော သမီးမှ ထိုသို့အမှုအရာများ တွေ့ရသောကြောင့် ဘာမှမပြောနိုင်အောင် ဖြစ်ခဲ့ရသည်။ နောက်ဆုံးသိရသည်မှာ ဟေမာန်သည် မိသားစု ပြသာနာကြောင့် စိတ်ကျရောဂါကို ခံစားနေခဲ့ရခြင်း ဖြစ်သည်။ ကြွေသည် ဉီးခန့်ကိုကို ကွာရှင်းရန် ဆုံးဖြတ်ထားပြီးသော်လည်း ဉီးခန့်ကိုကို ချစ်သည့်စိတ်၊ Company ပျက်ဆီးမှာစိုးရိမ်သည့်စိတ်၊ သမီးလေး စိတ်ကျရောဂါခံစားမှုကို ပျောက်စေချင်သည့် စိတ်များကြောင့် ဉီးခန့်ကိုကို မကွာရှင်းတော့ဘဲ သတင်းစာရှင်းလင်းပွဲ လုပ်ခိုင်းခဲ့သည်။ ဉီးခန့်ကိုသည် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာသမားများ၏ ရတီဖူးမြတ်နှင့် ဘယ်လိုပတ်သတ်နေလဲဆိုသည့် မေးခွန်းများကြောင့် အခက်တွေ့နေရသည့် အချိန်တွင် ညိမ်းချမ်းသော်သည် ရတီဖူးမြတ်သည် သူ၏ ချစ်သူဖြစ်ကြောင်း ဉီးခန့်ကိုနှင့် ဘာမှမဆိုင်ကြောင်း ဝင်ပြောခဲ့သည်။ ညိမ်းချမ်းသော်သည် ဉီးခန့်ကိုကို ကူညီချင်သည့် စိတ်ကြောင့်မဟုတ်ဘဲ ရတီဖူးမြတ်သိက္ခာကျမည်နှင့် သူ့မိဘတွေ ရတီဖူးမြတ်နှင့် သဘောမတူလို့ မရစေရန် အတွက် ဖြစ်သည်။ ဉီးခန့်ကိုသည် ညိမ်းချမ်းသော်အဖြေတစ်ခုကြောင့် အားလုံး အဆင်ပြေသွားခဲ့သည်။ ဉီးခန့်ကိုသည် မိသားစုနှင့်လည်း ပြန်အဆင်ပြေခဲ့သည်။ ရတီဖူးမြတ်သည် နိုင်ငံခြားသို့ ထွက်သွားပြီး ဉီးခန့်ကို သူ့ကို ပေးခဲ့သော ပစ္စည်းများနှင့်အတူ စာတစ်စောင်ကိုပါ ပေးခဲ့သည်။ ရတီဖူးမြတ်သည် သူ့ဘဝတွင် ဉီးခန့်ကိုကိုသာ အချစ်ဆုံး ဖြစ်ပြီး ညိမ်းချမ်းသော်ကို မချစ်ကြောင်း၊ ဉီးခန့်ကို၏ ပစ္စည်းဉစ္စာများကြောင့် မဟုတ်ဘဲ အချစ်စစ်ဖြစ်ကြောင်း၊ ဉီးခန့်ကိုကို နှောင့်ယှက်လိုသည့် စိတ်ကြောင့် မဟုတ်ဘဲ ထားသွားခံရမှာ ကြောက်သည့် စိတ်ကြောင့် လုပ်မိလုပ်ရာတွေ လုပ်မိကြောင်း၊ ဗိုက်ထဲက ကလေးဆိုသည်မှာလဲ တကယ်မရှိပဲ တမင်ဦးခန့်ကိုအား ပိုင်ဆိုလိုသောကြောင့် ပြောခဲ့ခြင်းဖြစ်ကြောင်း ဉီးခန့်ကို ကို လွမ်းနေမည့် အကြောင်း စာလေးထားပေးခဲ့သည်။ ဉီးခန့်ကိုသည် မိသားစုကို ချစ်သော်လည်း ရတီဖူးမြတ်ကို ထပ်ရှာမိဉီးမည် ဖြစ်သည်။
Episodes