အချစ်မှာအပြစ်ရှိသည်
ကလျာနှင့် မာယာတို့သည် အလွန်ချစ်ခင်သံယောဇဉ်ရှိကြသည့် ညီအစ်မများဖြစ်ကြကာ ဖခင်ဖြစ်သူ ဦးကောင်းထိုက်နှင့် အတူနေကြသည်။ စိုးမိုးသည် မိန်းကလေးများနှင့် အပျော်တွဲတတ်သူဖြစ်သည်။ တစ်ရက်တွင် ဒုက္ခရောက်နေသည့် ကလျာ့ကို ကူညီရင်း ကလျာ့ကို စိတ်ဝင်စားသွားခဲ့သည်။ စိုးမိုးသည် ကလျာ့အချစ်ကို ရရန်ကြိုးပမ်းခဲ့ပြီး ချစ်သူတွေ ဖြစ်သွားခဲ့သည်။ စိုးမိုးသည် ကလျာ့ကိုမူ တကယ်သဘောကျနေဟန်ရှိသည်။ စိုးမိုးတွင် ဇော်ထက်ဆိုသည့် သူငယ်ချင်းရှိသည်။ ဇော်ထက်နှင့် စိုးမိုးတို့သည် မတည့်အတူနေ အမြဲတမ်းပြိုင်ဆိုင်နေသည့် သူငယ်ချင်းများ ဖြစ်ကြသည်။ ဇော်ထက်တွင် အွန်လိုင်းတွင်တွေ့သည့် မာယာဆိုသည့် ကောင်မလေးကို စိတ်ဝင်စားနေသည်ဟုဆိုကာ စိုးမိုးကို ယှဉ်ပြိုင်လိုသည့် သဘောဖြင့် ပြောခဲ့သည်။ ထိုအခါ စိုးမိုးက ဇော်ထက်နှင့် အပြိုင်အဆိုင်ဖြစ်ကြသည် မာယာ့အချစ်ကို ဇော်ထက်မရစေရပဲ သူပဲ ရစေရမည်ဟု ခနဲ့ခဲ့သည်။ စိုးမိုးသည် အလုပ်ကိစ္စဖြင့် နယ်သို့ သွားချိန်တွင် တိုက်ဆိုင်စွာဖြင့် နယ်သို့ ရောက်နေသော မာယာနှင့်တွေ့ခဲ့သည်။ စိုးမိုးသည် မာယာ့ကို ကူညီပေးရင်း နှစ်ယောက်သား ခင်မင်သွားကြသည်။ ထို့အပြင် စိုးမိုးသည် မာယာ့ကို ကလျာနှင့်မှားကာ နှစ်ယောက်သားမှားယွင်းသွားကြသည်။ မာယာကလည်း စိုးမိုးကို သဘောကျနေတာဖြစ်သဖြင့် စိုးမိုးသည် မာယာ့ကို လက်ထပ်မယ်ဟုပဲ ခပ်ပေါ့ပေါ့ကတိပေးလိုက်ကာ ရန်ကုန်သို့ ပြန်လာခဲ့သည်။ စိုးမိုးသည် ကလျာ့အပေါ်တွင် ချစ်စိတ်တို့ရှိနေသေးသော်လည်း ကလျာ့ကို ဖုန်းဖြင့်ပင် အသစ်တွေ့နေတာကြောင့် လမ်းခွဲရအောင်ဟုသာ ပြောခဲ့သည်။ ကလျာအလွန်စိတ်ထိခိုက်ရကာ အသည်းကွဲသွားရလေတော့သည်။ မာယာသည် စိုးမိုးကို ဖခင်ဖြစ်သူ ဦးကောင်းထိုက်နှင့်တွေ့ပေးခဲ့သည်။ ဦးကောင်းထိုက်ကလည်း စိုးမိုးကို သင့်လျော်သည်ဟု ထင်မှတ်တာက တစ်ကြောင်း၊ လက်ထပ်ရမည့်အခြေအနေကို ရောက်နေပြီဖြစ်သောကြောင့် လည်ကောင်း သဘောတူပေးခဲ့သည်။ မာယာသည် မိမိနှင့် လက်ထပ်မည့် စိုးမိုးကို ကလျာနှင့် မိတ်ဆက်ပေးလိုက်ရာ ကလျာနှင့်စိုးမိုးတို့ တွေ့ချိန်တွင် အလွန်အံ့ဩ သွားကြလေတော့သည်။ စိုးမိုးကလည်း ကလျာ့ကို မြင်တော့ တုန်လှုပ်သွားခဲ့သည်။ ကလျာကမူ စိုးမိုးကို ညီမလေးအပေါ်မှာ သစ္စာရှိဖို့သာ မှာကြားခဲ့သည်။ မာယာသည် မင်္ဂလာကိစ္စစီစဉ်တိုင်း အစ်မဖြစ်သူကို ခေါ်သွားခဲ့သည်။ ကလျာသည် မာယာနှင့် စိုးမိုးကြားတွင် လွန်စွာနေရခက်သော်လည်း သည်းခံကာ အမြဲလိုက်ပေးခဲ့သည်။ စိုးမိုးကလည်း ကလျာနှင့်တွေ့လာလေ ကလျာ့အပေါ် စိတ်မကုန်သေးကြောင်း ကိုယ့်ကိုယ်ကို ပိုသိလာလေ ဖြစ်လာလေတော့သည်။ ကလျာကိုယ်တိုင်လည်း စိုးမိုးအပေါ် အချစ်စိတ်များရှိနေဆဲဖြစ်ကာ နှစ်ယောက်လုံးက မာယာရှေ့တွင် အမြဲတမ်းအပြစ်ရှိသလို မလုံမခြုံ ခံစားနေရလေတော့သည်။ စိုးမိုးနှင့် မာယာတို့ မင်္ဂလာပွဲပြီးနောက်တွင် ကလျာသည် မိမိကို ချစ်ခွင့်ပန်ထားသည့် ကျော်စွာ့ကို အဖြေပြန်ပေးလိုက်လေ တော့သည်။ ထို့အပြင် စိုးမိုး၊မာယာတို့ လင်မယားနှင့် တစ်အိမ်တည်း နေနေခြင်းသည် မသင့်တော်တော့မှန်းသိသဖြင့် ကျော်စွာ စီစဉ်ပေးသည့် အိမ်တွင် နေရန်လက်ခံလိုက်သည်။ ကလျာသည် စိုးမိုးကိုလည်း သိသာစွာ ရှောင်ဖယ်နေလေတော့သည်။ ကလျာ ရှောင်ဖယ်နေခြင်းကို စိုးမိုးက လုံးဝ မခံစားနိုင်ဖြစ်လာလေတော့သည်။ စိုးမိုးသည် ကလျာ့ကို ကွယ်ရာတွင် ထိုသို့ရှောင်ဖယ်နေခြင်းကို မခံစားးနိုင်ကြောင်းနှင့် ကလျာ့ကို ချစ်နေမိသေးကြောင်းပြောလိုက်မိသည်။ ထိုသို့ပြောနေခြင်းကို ကလျာနှင့် မာယာတို့ ဖခင်ကြီး ဦးကောင်းထိုက်က ကြားကာ သွေးတက်၍ ဦးနှောက်သွေးကြောပေါက်ကာ သေဆုံးသွားလေတော့သည်။ ကလျာကလည်း စိုးမိုးနှင့် အပြီးပြတ်ဆုံးနေမည်ဟုဆုံးဖြတ်လိုက်လေတော့သည်။ စိုးမိုးကြောင့် မာယာနှင့် ဝေးခဲ့ရသူ စိုးမိုးသူငယ်ချင်းဇော်ထက်မှာ သွေးထိုးလိုဟန်ဖြင့် ကလျာကတော့ သူများလက်ထဲပါသွားတော့ မှာဟု ပြောလေတော့သည်။ ကျော်စွာနှင့် ကလျာ လက်ထပ်မည့်ကိစ္စကို သိသွားသည့် စိုးမိုးမှာ ပေါက်ကွဲကာ အရက်မူးအောင် သောက်လေတော့သည်။ စိုးမိုးက အရက်မူး၍ ကလျာနေသည့် ကျော်စွာ့အိမ်သို့သွားကာ ကလျာ့ကို ချစ်ကြောင်းများပြောသည်။ နံရံကို ခေါင်းဖြင့်တိုက်၍ ကလျာက ငို၍ တားဆီးမည်။ စိုးမိုးနှင့် ကလျာတို့ ဖက်ငိုမိကြမည်။ ထို့နောက် မှားယွင်း မိသွားကြတော့သည်။ စိုးမိုးနောက်သို့ မသိမသာလိုက်ချောင်းသည့် ဇော်ထက်သည် ဖြစ်စဉ်အစအဆုံးကို သက်သေဗီဒီယိုများ ရိုက်ထားလိုက်လေတော့သည်။ ထို့အပြင် ကလျာ့ကို ဒုက္ခေပေးချင်နေသည့် သီရိနှင့်အတူ ပူးပေါင်းလိုက်လေတော့သည်။ ကလျာသည် စိုးမိုးနှင့်မှားယွင်းသွားမိသည့် အတွက် ညီမဖြစ်သူ မာယာ့အတွက်ရော ချစ်သူဖြစ်သူ ကျော်စွာအတွက်ပါ အပြစ်ရှိသလို ခံစားရလေတော့သည်။ ထို့ကြောင့် ကျော်စွာ့ကို အဖြစ်မှန်အတိုင်း ဖွင့်ပြောဖို့ ဆုံးဖြတ်ကာ ကျော်စွာ့ဆီ သွားချိန်တွင် ကျော်စွာက ကလျာ့ကို ပျော်ရွှင်စွာဖြင့် မင်္ဂလာပွဲအတွက် စီစဉ်ထားသည်များကို ပြောပြနေရာ ကျော်စွာ့ကို သနားသွားပြီး မပြောဖြစ်တော့ဘဲ မင်္ဂလာပွဲဆက်လုပ်ဖို့သာ ဆုံးဖြတ်လိုက်လေတော့သည်။ ထိုအချိန်တွင် မာယာ့ဆီသို့ စိုးမိုးက အမျိုးသမီးတစ်ယောက်နှင့် ပတ်သက်နေသည့် သတင်းပေးစာများ ရောက်နေလေတော့သည်။ မာယာသည် တုန်လှုပ်စွာဖြင့် အစ်မဖြစ်သူကို ပြောပြရာ ကလျာက ပို၍ ကြောက်လန့်လာလေတော့သည်။ ကလျာ့ထံသို့လည်း စိုးမိုးနှင့် ပတ်သက်မှုကို သိနေတယ် ဆိုသည့် ခြိမ်းခြောက်စာများ ရောက်လာလေတော့သည်။ ထိုအချိန်တွင် ကလျာ့ထံတွင် စိုးမိုးနှင့်ဖောက်ပြန်ပြီးရသည့် ကိုယ်ဝန်ပါရှိလာ လေတော့သည်။ ကျော်စွာသည် ထိုကိုယ်ဝန်ကို သူ့ကိုယ်ဝန်ဟု ထင်နေရှာသည်။ သီရိနှင့် ဇော်ထက်တို့ပေါင်း၍ ကလျာနှင့်မာယာကို တစ်မျိုးပြီးတစ်မျိုး သတိပေးစာများ ခြိမ်းခြောက်စာများပို့ လေတော့သည်။ ထို့နောက် ဇော်ထက်က မာယာ့ကို ကလျာနှင့် စိုးမိုးတို့ ဖောက်ပြန်နေသည့် အကြောင်းကို ပြောပြလိုက်သည်။ မာယာ့ကိုလည်း သူ့ကို လက်ထပ်ဖို့ပြောလေသည်။ မာယာက ဖောက်ပြန်သည့် ဗီဒီယိုဖိုင်ကို မဖြန့်ဖို့နှင့် ဇော်ထက်ကိုလည်း လက်ထပ်ပါမည့်အကြောင်း ကတိပေးလိုက်ရသည်။ မာယာသည် ကလျာ့ကို စိုးမိုးနှင့်ပတ်သက်မှုကိုမေးသော်လည်း ကလျာက လိမ်ညာနေသေးသဖြင့် မာယာပေါက်ကွဲကာ သူမကို အမှန်အတိုင်းပြောဖို့ ပြောလိုက်လေသည်။ မာယာက စိုးမိုးနှင့်ကွာရှင်းကာ နိုင်ငံခြားသို့ထွက်သွားလေတော့သည်။ သီရိသည် ကလျာ့ကို ဇော်ထက်ထံက ရသည့် စိုးမိုးနှင့်မှားယွင်းသည့် ဗီဒီယိုဖိုင်ကို ပို့ပေးလိုက်လေတော့သည်။ ကလျာသည် ထိုဖိုင်ကိုမြင်၍ အရှက်ကြီးရှက်ကာ လမ်းမပေါ်သို့ ပြေးထွက်သွား၍ ကားတိုက်ကာ သေဆုံးသွားရလေတော့သည်။ စိုးမိုးကလည်း ဇော်ထက်ကို ကလျာသေဆုံးသည့် ကိစ္စ စာရင်းရှင်းရင်း သတ်မိသွားကာ ရဲစခန်းတွင် အဖမ်းခံလိုက်သည်။ ကျော်စွာကမူ ကလျာမွေးထားခဲ့သည့် ကလေးလေးကို တာဝန်ယူရင်း ကလျာ့ကို လွမ်းဆွတ်ရင်း ကျန်ခဲ့လေတော့သည်။
Episodes